Thursday, February 21, 2013

Dead Boot repaired with Riff box

How to use Riff Box for first User 

ဒီ Post လေးကို မရေးခင် Riff Box ရဲ့ အသုံးဝင် ပုံလေးကို အရင် ပြောကြရအောင်။ Android ဖုန်း အတော်များများဖြစ်လေ့ရှိတဲ့ Dead လို့ ခေါ်တဲ့ Power လုံးဝ မနိုးတာတွေ အတော်များများ ကိုဖြေရှင်းနိုင်ပါတယ်။ အသုံပြုနိုင်မယ့် ဖုန်းအမျိုးအစားတွေ ကိုလဲ အောက်မှာ Download လုပ်ပြီး လေ့လာနိုင်အောင် တင်ပေးထားပါတယ်။ ကိုယ်နဲ့ အသုံးဝင် မဝင် အရင်ဦးဆုံးလေ့လာစေချင်ပါတယ်။
Support Android Device List of RIFF Box JTAG Manager   http://www.mediafire.com/?766aqd99llps12o

ပထမဆုံး မိမိတို့ ရဲ့ Windows မှာ Riff Box အတွက် Install လုပ်ဖို့ ရန် အတွက်  RiffSetup နဲ့ Driver တွေ ကို Download လုပ် ပေးပါ။ Driver အတွက် 32 & 64 Windows နှစ်ခုလုံးအတွက် တင်ပေးထားပါတယ်။

RiffSetup.exe    http://www.mediafire.com/?62mxm7kazav10vy

RIFF_USB_DRIVER.rar   http://www.mediafire.com/?y55yn9u8vgfbbvs

RIFF_64bit_USB_Driver.rar    http://www.mediafire.com/?p222bgn76zkjin4

Download လုပ်ပြီးရင် Driver.rar file တွေကို zip ဖြည်ပြီး Driver Install လုပ်တဲ့အခါ မှာ လွယ်ကူစေရန် အဆင်ပြေမယ့်နေရာမှာ ထားနိုင်ပါတယ်။
RiffSetup.exe ကို စပြီး Install လုပ်ပါမယ်။
Driver အတွက်ကတော့ My Computer >> Right Click >> Manage >> Device Manager ကတဆင့် zip ဖြည်ထားတဲ့ Driver တွေကိုညွှန်းပြီး Install လုပ်ပါ။ ဒါတွေ ပြီးရင် RIFF Box JTAG Manager ကို စတင်အသုံးပြုနိုင်ပါပြီ။
Setup file တွေ တင်ပြီးပြီ ဆိုရင် လိုအပ်တဲ့ file တွေ Download လုပ်ဖို့ လိုပါသေးတယ်။ Riff Box Setup ထဲကနေပဲ Download လုပ်နိုင်ပါတယ်။ Riff Box အတွက် Firmware file ဆိုတာလိုပါသေးတယ်။ အလွယ် တကူ အသုံးပြုနိုင်အောင် အောက်မှာ Download ဆွဲပြီး System C: အောက်က Program Files >> RIFF Box JTAG Manager >> Firmwares folder ထဲမှာ ထည့်ပေးပါ (JTAG_FirmwareV2_132.nbf)

JTAG_FirmwareV2_132.nbf   http://www.mediafire.com/?sopalzzcv2x2czf


အထက်ပါပုံအတိုင်း လိုအပ်တဲ့ PDF Guide, Resurrectors ခေါ်တဲ့ file တွေကို မိမိ အသုံးပြုမယ့် ဖုန်း Model အလိုက် file တွေကို Download လုပ်ဖို့ ရာ Box Service Tab ထဲက Check for Updates ကို Click တစ်ချက် နှိပ်လိုက်ရင် အောက်ပါပုံအတိုင်း List တစ်ခုကျလာပြီး Select All နဲ့ Download လုပ်မယ်ဆိုရင်တော့ File 445 ခု Down ရမှာဖြစ်ပြီး လိုအပ်တဲ့ Model အလိုက်လည်း ရွေးချယ်ပြီး Download လုပ်နိုင်ပါတယ်။ ဒီ List ထဲမှာပဲ PDF Guide နဲ့  အခြား Download လုပ်ရမယ့် File တွေ အားလုံး ပါပါတယ်။
သက်ဆိုင်တဲ့ file တွေ Down ပြီးပြီဆိုရင်တော့ 25% တော့ ပြီးမြောက်ပြီ ပြောလို့ ရပေမယ့် Hardware ပိုင်းနဲ့ ဆိုင်တဲ့ အချက်အလက်တွေကတော့ အရမ်းကိုရှုပ်ထွေးပြီး ခက်ခဲပါတယ်။

1. JTAG Pinout ကိုလေ့လာခြင်း နဲ့  Connector ကြိုးပြားချိတ်ဆက်ခြင်း
2. ဖုန်းရဲ့ Cover ကိုလှပ်ပြီး သက်ဆိုင်တဲ့ Pin တွေကို ခဲဆော် ချိတ်ဆက်ပေးခြင်း
3. Resurrection အဆင့် Dead Body ကို ပြန်လည်ရေးသားခြင်း
ဆိုတဲ့ အဆင့်တွေပြီးမြောက်မှသာလျှင်   Dead Body ကို ပြန်လည်အသက်သွင်းနိုင်ပြီး Firmware ပြန်တင်တဲ့ အပိုင်းကိုတော့ ဖုန်းအမျိုးစားလိုက်ပြီး မိမိ        ကိုယ်တိုင်ပဲ ပြန်လည်ပြီး Firmware တင်ရမှာဖြစ်ပါတယ်။


Step 1------------------------
 အထက်ပါပုံတိုင်း သက်ဆိုင်တဲ့ Pin တွေနဲ့ အောက် ပါပုံ မှာပါရှိတဲ့ Circuit ပြားကို ကြိုးပြားနဲ့ ခဲဆော်ပြီး ချိတ်ဆက်ပေးရပါမယ်။
 STEP 2

နမူနာပုံကတော့ Samsung GT-I9001 ရဲ့ပုံပါ။ ပုံမှာတစ်ပါတည်း Pin တွေရဲ့အလုပ်လုပ် ပုံနဲ့ Circuit ပြားမှာ လဲ ချတ်ဆက်ရမယ့် Pin တွေကိုဖော်ပြပေးထားပါတယ်။ ဖုန်း Model စီအလိုက် အသုံးပြုနိုင်မယ့် Connector လဲဝယ်လို့ ရပါတယ်။ သူ့ Model အလိုက်ပုံတွေကို Samsung GT-I9001 နဲ့ သက်ဆိုင်တဲ့ Resurrection file ဖြစ်တဲ့ Samsung_I9001.dll ဖိုင်ကို Download လုပ်ပြီးပြီဆိုရင် JTAG Manager Setup ရဲ့ Resurrection Tab မှာ Resurrector Setting မှာ ဥပမာ- SAMSUNG / Samsung I9001 ကိုရွေးပေးပြီး Interface Pinout မှာကြည့်နိုင်ပါတယ်။ Resurrection Help မှာ ပြုလုပ်ရမည့် အဆင့်တွေကို ဖော်ပြပေးထားပါတယ်။ အောက်ပါပုံမှာ လေ့လာနိုင်ပါတယ်။

Step 3--------------------------

Resurrection Help မှာ ပြုလုပ်ရမည့် အဆင့်တွေကိုလေ့လာပြီး ရင်စတင်ပြီး Dead Body ကို အသက်သွင်းပါတော့မယ်။
a. Battery တပ်ပါမယ်
b. Computer နဲ့  ဖုန်း Circuit ပြားကို USB ကြိုးဖြင့်ချိတ်ဆက်ပြီး ဖုန်းမှ Power ခလုပ်ကိုနှိပ်ပါမယ်။
c. ဖုန်း Circuit ပြားမှ Pin တွေကို ကြိုးပြားကတဆင့် RIFF Box ကိုချိတ်ပါမယ်။

ဒီအဆင့်တွေပြီးရင်တော့ JTAG Manager Setup မှာ Resurrection Tab မှ Resurrection Button ကိုနှိပ် ပေးရုံပါပဲ။ Error ရှိရင် Error Message Box ကျလာမှာဖြစ်ပြီး Error တစုံတရာမှမရှိရင်တော့ Writing 100% ဖြစ်ရင်အားလုံးအောင်မြင်ပါပြီ။
 Riff Box ကိုလေ့လာချင်သူများနှင့် စတင်အသုံးပြုသူများ အားလုံး အဆင်ပြေနိုင်ပါစေဗျား။
 myanmarmobileforum.com မှ ကိုစိုးဝင်းကို Credit ပေးပါတယ်။

Y310-5000 root

spd driver and flashtool  ကိုတော့မတင်ပေးတော့ဘူး y220T နဲ့တူလို့ပါ
rootfile downloadlink
http://www.mediafire.com/?mufenjjw16kakqd

Sunday, February 10, 2013

SKYNET SATELLITE RECIVER Writing firmware with Serial Port 232

Seriespoart 2-2 3-3 5-5[RS 232 data pot contact.Pin 2 Transmit,3 Receive,5 GN]
Open serial_upgrade_ensoftware
Choice update file
Click update
Connect serialpoart PCto reciver
Power on recirver 
downloadlink

SKYNET SATELLITE CIRCUIT DIAGRAM

Model -NL-3381
Model-NL3560
Model-NL3601
Model-NL8212
Model-SN8600
စလောင်းစက်ပြင်ဆရာများအတွက်မျှဝေပေးလိုက်ပါသည်
Sharedby ko Phone
downloadlink